ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲများ စကားများရန်ဖြစ်ပြီး စစ်တပ်က ရဲစခန်းကို မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲများ စကားများရန်ဖြစ်ပြီး စစ်တပ်က ရဲစခန်းကို မီးရှို့ဖျက်ဆီး

.

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာ ရဲစခန်းတွင် ယမန်ေနေ့ စက်တင်ဘာလ ၂၈ ရက်က စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်သားများနှင့် ဒေသခံရဲများ စကားများရန်ဖြစ်ပြီး စစ်ကောင်စီတပ်က ရဲစခန်းကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.

.

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ရဲစခန်းတွင် နေထိုင်ရန် ပြောသည်ကို ရဲများက လက်မခံသဖြင့် စကားများရန်ဖြစ်ပြီး စစ်သားများက ရဲစခန်း အဆောက်အဦကို မီးရှို့သွားခြင်းဖြစ်ကြောင်း ‌ဒေသခံများထံက သိရသည်။

.

အဆိုပါ သရက်ကန်ကျေးရွာ နယ်မြေရဲစခန်းကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် ရဲများသည် စက်တင်ဘာလ ၂၈ ရက်၊ ညနေပိုင်းတွင်ပင် စခန်းကို စွန့်ခွာသွားခဲ့ကြောင်း သိရသည်။

.

စစ်ကိုင်းတိုင်းအတွင်း ပြီခဲ့သည့် လပိုင်းကလည်း ရဲကင်းစခန်းအချို့မှ စစ်ကောင်စီတပ်သားများသည် စခန်းကို စွန့်ခွာထွက်ပြေးမှုများ ရှိနေပြီး ယခုလို နယ်မြေရဲစခန်းကို မီးရှို့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats