.
.
ကုလသမဂ္ဂ ဆိုင်ရာ
မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ဖားကန့်မြို့တွင် ယနေ့
စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
ဒေသခံပြည်သူများ
ဦးဆောင်သည့် ဆန္ဒပြသူများက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ KIA၊ PDF တပ်ဖွဲ့များ
အနိုင်ရရှိပါစေကြောင်းနှင့် NUG အစိုးရ ဒို့အစိုးရ၊ လူသတ် အကြမ်းဖက်စစ်ကောင်စီ
လုံးဝအုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး
နဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်
တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး
ဝိုင်းဝန်းပါဝင်စို့၊ ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ
ချက်ချင်းလွတ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး
အရေးတော်ပုံအောင်ကိုအောင်ရမည် စသည့် ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြကြောင်း
သိရသည်။
.