.
ကရင်နီ (ကယား) ပြည်နယ်၊
ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က သတ်ဖြတ်မြေမြှုပ်ထားသည့် ပြည်သူ ၂ ဦး၏ ရုပ်အလောင်းကို
တွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း (၆)၊ KNDF-BP 6 က သတင်းထုတ်ပြန်ထားသည်။
.
.
ဒီးမော့ဆိုမြို့နယ်၊
ဆီးလီဒုန်းကျေးရွာနေ အသက်(၃၄)နှစ်အရွယ် ဖရန်စစ္စကို နှင့် အသက် (၄၄)နှစ်အရွယ်
ကလယ်မူးတို့သည် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ပြီး ခြံဝင်းတစ်ခုအတွင်း
မြေမြှုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
KNDF-BP 6 တပ်ရင်းသည်
စက်တင်ဘာလ ၁၆ ရက်တွင် နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် အဆိုပါ ရုပ်အလောင်း ၂ ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကာ
ရဲဘော်များနှင့် ရွာသူရွာသားများမှ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း KNDF
က အသိပေး ထားသည်။
.
အလားတူ ပြီးခဲ့သည့်
စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့်
စစ်ဘေးရှောင်ပြည်သူများ နားခိုနေထိုင်ရာ မွေတော်ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ပြီး
၁၀ နှစ်အောက် ကလေးငယ် ၂ ဦးနှင့် အသက် ၅၀ ကျော် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
[ Photo – KNDF ]
.