.
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ
ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ကျေးရွာ ၉ ရွာရှိ ပြည်သူလူထု
နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း
သိရသည်။
.
.စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်များဖြင့်
စီးနင်းတိုက်ခိုက်ပြီး စစ်အင်အားများ ဖြည့်တင်း၍ ကျေးရွာများသို့ ဝင်ရောက်ကာ
တည်ပင်ဆိပ်၊ အိမ်ခြေ၊ အင်းလျားရှည်၊ ရွာကုန်းကြီး၊ ကုန်းစည်း၊ ပေပင်ချောင်၊
သစ်ချို၊ မော်ကယ်နှင့် မော်တုန်ကျေးရွာများမှ ပြည်သူလူထုနေအိမ်များကို
မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
.
ထို့ပြင်
တည်ပင်ဆိပ်ရွာတွင် ဒေသခံပြည်သူ ၈ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်၏
ထိုးစစ်ကြောင့် ကျွန်းလှဒေသခံ
တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရပြီး ကန့်ဘလူ၊ ကောလင်းမြို့နယ်များမှ
ဒေသခံများလည်း စစ်ဘေးဒုက္ခ ကြုံတွေ့နေရကြောင်း သိရသည်။
.
ကျွန်းလှ- ကောလင်း
- ကန့်ဘလူနယ်စပ်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ
တပ်များ အထိနာခဲ့သောကြောင့် စစ်အင်အားများ ဖြည့်တင်းခြင်း၊ လေကြောင်း
တိုက်ခိုက်မှုများ ပြုလုပ်ခြင်း ပိုမိုပြုလုပ်ပြီး ဒေသတွင်း ကျေးရွာများကို
မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
Photo - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
.