.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့၊ သိန်းသန်းချီကားဝင်းအတွင်းရှိ ကမ္ဘောဇဘဏ် (၃) တွင် ယနေ့ စက်တင်ဘာလ ၁၃ ရက်၊
နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၃ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
.
.မူဆယ်မြို့ရှိ ကမ္ဘောဇဘဏ်
(၃) ကို ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က အမျိုးသား ၄ ဦးမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး
ဘဏ်စောင့် ပြည်သူ့စစ် ၂ ဦးအပြင် တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်နှင့်
ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို လက်ရှိအချိန်ထိ မသိရှိရ သေးချေ။
.
တရုတ်-မြန်မာနယ်စပ်
မူဆယ်မြို့သည် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များ သွားလာ လှုပ်ရှားနေသည့် ဒေသတစ်ခုဖြစ်ပြီး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလည်း အများအပြား တည်ရှိနေသည်။
.