မူဆယ်တွင် နေအိမ်ဓါးပြတိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် နေအိမ်ဓါးပြတိုက်ခံရ

.

မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ တရုတ်ငွေ လဲလှယ်သည့်နေအိမ်ကို ယနေ့ စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းက အမည်မသိ လက်နက်ကိုင် ၃ ဦးမှ ဝင်ရောက်ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

အဆိုပါ တရုတ်-မြန်မာငွေ လဲလှယ်သည့်အိမ်သို့ ယနေ့ စက်တင်ဘာလ ၇ ရက်၊ နံနက် ၆ နာရီခန့်က အမည်မသိ လက်နက်ကိုင် ၃ ဦးမှ သေနတ်တို/ရှည်နှင့် ဓါးများကိုင်ဆောင်လာပြီး သေနတ်တစ်ချက် ပစ်ဖောက်ကာ ဓါပြတိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဓါးပြတိုက်မှုတွင် လူထိခိုက်မှု မရှိခဲ့သော်လည်း ငွေကျပ် သိန်း ၅၀၀ ခန့် ဆုံးရှုံးခဲ့ပြီး နေအိမ်တွင်းရှိ CCTV ကင်မရာများ ကိုလည်း ဓါးပြများမှ ဖြုတ်ယူသွားခဲ့ကြောင်း သိရသည်။

.

မူဆယ်မြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက် မှုများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats