.
မကွေးတိုင်း၊ ဧရာဝတီမြစ်ကူးတံတား၊ ပခုက္ကူရှိ စစ်ကောင်စီဂိတ်ကို
ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊ နေ့လယ်ပိုင်းက အမျိုးသမီးရဲမေ တစ်ဦး ပါဝင်သော ပြောက်ကျားရဲဘော်
၃ ဦးမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
.
ပခုက္ကူမြစ်ကူးတံတားရှိ စစ်ကောင်စီဂိတ်ကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့မှ
ရဲမေပူတူး၊ ရဲဘော်ဒီးနှင့် ရဲဘော်ဂျွန်ဖောတို့ ၃ ဦးက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
မောင်းပြန်ရိုင်ဖယ်သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း
ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ တပ်ဖွဲ့ (၂) က သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါတိုက်ခိုက်မှုအတွင်း ရဲ ၃ ဦး သေဆုံးကြောင်း သိရပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက်
စစ်ကောင်စီက ပခုက္ကူတံတား ကို ယာယီပိတ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.