​​​​နယူးယော့က်မြို့တွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်ကို ဆက်လက်ထားရှိရေးအတွက် ချီတက် ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​နယူးယော့က်မြို့တွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်ကို ဆက်လက်ထားရှိရေးအတွက် ချီတက် ဆန္ဒပြ

.

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်တွင် စက်တင်ဘာလဘ ၁၇ ရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလတွင် ဆက်လက်ထားရှိရေးအတွက် မြန်မာတိုင်းရင်းသားများမှ ချီတက်ဆန္ဒပြ ခဲ့ကြကြောင်း သိရသည်။

.

.

ချီတက်ပွဲတွင် NUG Washington DC မှ ချင်းတိုင်းရင်းသားကိုယ်စားလှယ် Dong Khup မြန်မာ အမေရိကန်ဖိုရမ်မှ ကိုမျိုးရန်နောင်သိန်း၊ Generation Y Washington DC မှ မမီးမီးဘာဝယ်လ်တို့အပြင် သံအမတ်ကြီး ကိုယ်တိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက UN CREDENTIALS CAMPAIGN အကြောင်းရှင်းလင်း တင်ပြခြင်း၊ တက်ရောက်လာသော အဖွဲ့အစည်း အသီးသီးမှ တော်လှန်ရေးဆိုင်ရာ သဘောထားရပ်တည်ချက်များ တင်ပြဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်.

.

ထိုသို့ ချီတက်ဆန္ဒပြရာတွင် မြန်မာတိုင်းရင်းသား ထောင်ချီက နယူးယောက်မြို့လယ်ရှိ လမ်းမတစ်လျှောက် UN ရုံးချုပ်ရှေ့အထိ ကြွေးကြော်သံများဖြင့် ကြွေးကြော်ချီတက်ခဲ့ကြပြီး ဆန္ဒပြစစ်ကြောင်းမှ ပြည်သူများကို နယူးယောက် ဒေသခံအလှူရှင်များက နေ့လယ်စာ ကျွေးမွေးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats