ကရင်နီ(ကယား)ပြည်နယ်၊ ငွေတောင်အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်၏
ခလရ (၁၀၂) တပ်ရင်း လက်နက်တိုက်တွင် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းက ပေါက်ကွဲ
မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားသည်။
.
ခလရ (၁၀၂) တပ်ရင်း သည် ဒီးမော့ဆိုမြိုနယ်အတွင်းရှိ
KNDF ၊ KA ၊ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားရာ နေရာသို့ လက်နက်ကြီးများဖြင့်
ပစ်ခတ်နေစဉ် ယင်းကဲ့သို့ လက်နက်တိုက် ပေါက်ကွဲ မီးလောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။
.
စစ်ကောင်စီတပ်သည် မီးငြိမ်းရန် ကြိုးစားခဲ့သော်လည်း
ပူးပေါင်းတပ်များက တာဝေးပစ် လက်နက်ကြီးများ အသုံးပြုကာ ပစ်ခတ်ခြင်းကြောင့် မီးလောင်နေသည့်
လက်နက်တိုက်မှာ မီးငြိမ်းသတ်နိုင်ခြင်း မရှိဘဲ
ညနေပိုင်းအထိ မီးလောင်ကျွမ်းခဲ့ကြောင်း KNDF က ဆိုသည်။
.
လက်နက်တိုက် ပေါက်ကွဲသံများနှင့်အတူ စစ်ကောင်စီတပ်တွင်း
အော်ဟစ်ဆူညံသံမှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် အမှတ်(၁၀၂) တပ်ရင်းသည်
နေ့စဉ်နီးပါး ပြည်သူလူထုအား ပစ်မှတ်ထားကာ လူနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများ
ပစ်ခတ်နေသည့် တပ်ရင်း ဖြစ်ကာ ထိုသို့ ပစ်ခတ်နိုင်ရန် ၎င်းတို့ကိုယ်တိုင် မီးရှို့ခဲ့သည်ဟု
ယူဆရသည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီပူပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဆက်လက် ပြင်းထန်လျှက်ရှိနေပြီး အထိနာနေသော စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် ပစ်ခက်နေသောကြောင့် တိုက်ပွဲများနှင့် အနီးဝန်းကျင် ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ အနေဖြင့် ဘေးလွတ်ရာတွင် နေထိုင်ကြရန် KNDF က မေတ္တာရပ်ခံထားသည်။