ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း ကွယ်လွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း ကွယ်လွန်

.

ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းသည် ယနေ့ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက ကွယ်လွန်ခဲ့ကြောင်း သိရသည်။

.

.

ဒေါက်တာသန်းဝင်းသည် ကွယ်လွန်ချိန်တွင် အသက် ၇၀ ရှိပြီဖြစ်ပြီး တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။

.

ကွယ်လွန်သူ ဒေါက်တာသန်းဝင်း၏ ရုပ်အလောင်းကို စက်တင်ဘာလ ၅ ရက်၊ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့၊ ဟိန္ဒူသင်္ချိုင်းသို့ ပို့‌ဆောင် မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats