စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မိုးဗြဲဈေးအတွင်းရှိ ဈေးဆိုင်များ ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မိုးဗြဲဈေးအတွင်းရှိ ဈေးဆိုင်များ ပျက်စီး



စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၉ ရက်၊ ညနေပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ ဈေးအတွင်းရှိ ပြည်သူပိုင် ဈေးဆိုင်ခန်းများ ပျက်စီးခဲ့ရကြောင်း သိရသည်။
.
" အဓိက ထိတာက အလှကုန် ဆိုင်ခန်း ၃ ခန်းပါ။ အနားက ဆိုင်တွေရော၊ ကျန်တဲ့ဆိုင်တွေလည်း ထိတယ်။အစောပိုင်းက တစ်နေကုန် နီးနီး ပစ်နေတာ နေ့လယ်ပိုင်းကြ မြူတွေ ဖုံးနေလို့ နားသွားတယ်။ လက်နက်ကြီးရော၊ လေယာဉ်နဲ့ရော ပစ်တာ။ အခု (ညနေပိုင်း) ပစ်လိုက်တာ ဆိုင်လာထိတာဘဲ။" ဟု ဒေသခံပြည်သူ တစ်ဦးက ပြောသည်။
.

အဆိုပါ စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အခြားမြို့ပေါ်နေရာများတွင်လည်း ထိခိုက်ဆုံးရှုံးမှုများ ရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
.
စစ်ကောင်စီတပ်များသည် ဖယ်ခုံမှတစ်ဆင့် မိုးဗြဲသို့ အင်အားဖြည့်တင်းလျက်ရှိပြီး မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats