.
မိုးဗြဲမြို့တွင် ဖြစ်ပွားနေသော
စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲ၌ ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်က
စစ်ကောင်စီတပ်သား ၃ ဦး စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန် ထားသည်။
.
.
စစ်ကောင်စီတပ်သည် စက်တင်ဘာလ
၁၉ ရက်ကတည်းက မိုးဗြဲမြို့အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာနေခြင်းဖြစ်ပြီး
ဒေသကာကွယ်ရေးတပ်များနှင့် စစ်ရေးတင်မာမှုများ ရှိကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်း
သိရသည်။
.
ယမန်နေ့ စက်တင်ဘာ
၂၂ ရက် တွင် ၄ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစု၏
စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။
.
စစ်ကောင်စီတပ်မှ လက်နက်ကြီးမျိုးစုံဖြင့်
ပစ်ခတ်လျက်ရှိပြီး လွိုင်ကော်အမြောက်တပ်က ပစ်ခတ်သည့် ၁၂- မမ လက်နက်ကြီ; ၂ လုံးသည် ၎င်းတို့ တပ်စွဲထားသည့် စက်တော်ရာ
တောင်ကုန်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် စစ်ကောင်စီဘက်မှ အကျအဆုံး များနိုင်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မိုးဗြဲမြို့တွင်း
စစ်ကြောင်းထိုး တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ DMO PDF၊ နေပြည်တော် PDF၊ KA၊ KNDF၊ KGZ၊ URF မဟာမိတ်တပ်ပေါင်းစု အဖွဲ့က ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း
သိရသည်။
.