မုံရွာမြို့နယ် ထနောင်းတော မြောက်ရွာနှင့် တောင်ရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုံရွာမြို့နယ် ထနောင်းတော မြောက်ရွာနှင့် တောင်ရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး

.

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော မြောက်ရွာနှင့် တောင်ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးကာ PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦးကို ပစ်သတ်သွားကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်သည် တောပုမြောက်ရွာ(ပျူရွာ)မှ ပျူစောထီးများနှင့် ပူးပေါင်းကာ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကား ၃ စီးဖြင့် ကြာပိုင်ကျေးရွာမှ ထနောင်းတောမြောက်ရွာသို့ ဦးစွာဝင်ရောက်လာကာ ပြည်သူပိုင် နေအိမ် ၄ လုံးကို ​မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.

ထို့နောက် ယင်းနေ့ညတွင် ထနောင်းတောမြောက်ရွာ ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်များတွင် လူခွဲအိပ်ခဲ့ပြီး စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထနောင်းတောတောင်ရွာရှိ ပြည်သူပိုင်နေအိမ် ၃ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးကာ ရွာလုံးကျွတ်နီးပါး ဝင်ရောက် မွှေနှောက်သွားကြောင်း သိရသည်။

.

စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ပေါ်မှ အလုပ်လုပ်ပြီး ပြန်လာသည့် ကိုအောင်ကျော်မင်း (ဘုဘကျေးရွာနေသူ)အား ထနောင်းတောမြောက်ရွာအဝင် လမ်းမကြီးပေါ်မှာတွင် ပစ်သတ်သွားခဲ့ပြီး ထို့နောက် ယင်း နေရာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ် (MPDF - ဆားလင်းကြီးတပ်ခွဲ)မှ ရဲဘော်တစ်ဦးအား အရှင်မိပြီး နှိပ်စက်ပစ်သတ် သွားကြောင်း သိရသည်။

.

[ Photo -  မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ ]

.

Journal Download

Photo of three cats