စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၌
ခြင်းခတ်နေသည့် စစ်ကောင်စီတပ်သားများကို True Fighter
MMU PDF အဖွဲ့နှင့် Zero
ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တို့ ပူးပေါင်း၍ စက်တင်ဘာလ ၁၅ ရက်၊ ညနေပိုင်းတွင် ဗုံးဖြင့်
ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်
စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်း သေဆုံးခဲ့ပြီး အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု
True Fighter MMU PDF က ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
.
ပြီ:ခဲ့သည့် စက်တင်ဘာလ ၈ ရက်ကလည်း မြင်းမူမြို့နယ်၊
မြန်မာ့စီးပွားရေးဘဏ်၌ စောင့်နေသည့် စစ်ကောင်စီတပ်သားများကို ZERO ပြောက်ကျားတပ်ဖွဲ့
(မြင်းခြံ)က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.