.
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊
ဝကုန်းကျေးရွာအုပ်စု ဘဝပင်ကျေးရွာရှိ ကျောက်သေတ္တာ ဘုရား တောင်ပေါ်တွင်တပ်စွဲထားသည့်
စစ်ကောင်စီတပ်မှ ဒေသခံ ၁၀၀ ခန့်ကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် ပြုလုပ် ထားကြောင်း သိရသည်။
.
.
ဘဝပင်ကျေးရွာတွင်တပ်စွဲထားသည့်
စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စက်တင်ဘာလ ၆ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်
စစ်ကောင်စီတပ်က ဒေသခံ ၁၀၀ ခန့်ကို ဖမ်းဆီးကာ ကျောကက်သေတ္တာဘုရားတောင် ပေါ်တွင် တပ်စွဲထားခြင်းဖြစ်သည်။
.
စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကို
ခိုးယူဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်တွင် စစ်ကောင်စီတပ်ကို ကော်သူးလေတပ်မတော်၊
ဘီလုံးပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘီလုံးပြောက်ကျားတပ်ဖွဲ့က
သတင်းထုတ်ပြန်ထားသည်။
.