စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့သို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်တန်းအား ရွှေဘိုခရိုင် ဒေသခံကာကွယ်ရေး အင်အားစုများက ယမန်နေ့ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
“ စကစ ထောက်ပို့ယာဉ်
၁၂ ဘီး ကားတစ်စီး ကောင်းကောင်း ထိခိုက်ခဲ့ပြီး စခ ၂ ဦး သေဆုံးကြောင်း သိရတယ်။ မိဘပြည်သူများ
အနေဖြင့် မန္တလေး မြစ်ကြီးနား လမ်းပိုင်းအား အသုံးပြုမည် ဆိုပါက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို
လိုက်နာ ဆောင်ရွက်သွားလာကြရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၃ က အသိပေးထားသည်။
.
အဆိုပါ တိုက်ခိုက်မှုကို
ရွှေဘိုခရိုင်တပ်ရင်း (၂၃)၊ Shwe Bo Defense Force(SBDF)၊ Myanmar Defense Force
MDF-Shwe Bo နှင့် ရွှေချိုးဖြူပြောက်ကျားတပ်ဖွဲ့တို့က ရွှေဘိုမြို့တောင်ဘက် ဘုန်ဘွဲကျေးရွာအနီးတွင်
ပဒေသာမိုင်း ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Link - https://youtu.be/9tw_-Onaumg