မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၃ သန်းကျော် ရှိလာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၃ သန်းကျော် ရှိလာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ဖြစ်နေ

မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ စုစုပေါင်း ၁ ဒသမ ၃ သန်းကျော် ရှိလာပြီ ဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

.

ကုလသမဂ္ဂ၏ စက်တင်ဘာလ ၅ ရက်ထိ နောက်ဆုံးစာရင်းများအရ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA MYANMAR) က စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

.



မြန်မာနိုင်ငံ တဝှမ်း၌ တပ်မတော် (စစ်ကောင်စီတပ်)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့၏ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား လက်နက်ကိုင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ်စွန့်ခွာရမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ဆက်လက်ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

.

ရခိုင်ပြည်နယ်တွင် တပ်မတော် (စစ်ကောင်စီတပ်)နှင့် ရက္ခိုင့်တပ်တော်တို့ အကြား တစ်ကျော့ပြန် တိုက်ပွဲများနှင့်အတူ၊ ပေါက်ကွဲမှုများ၊ ဖမ်းဆီးခြင်းများ၊ ရှာဖွေစစ်ဆေးခြင်းများနှင့် အသွားအလာ ကန့်သတ်ခြင်းများ မြို့နယ် အများအပြား၌ ဖြစ်ပေါ်နေသောကြောင့် လုံခြုံရေးအခြေအနေ တင်းမာနေဆဲ ဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း UNOCHA MYANMAR က ထုတ်ပြန်သည်။

.

ကယား (ကရင်နီ) ပြည်နယ်တွင် အရပ်သားသေဆုံးမှုနှင့် အရပ်သား ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်ဟု သိရှိရသည့် အပြင် ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှားတောမြို့နယ်များတွင် ဇူလိုင်လလယ်ကတည်းက အသွားအလာ ကန့်သတ်မှုများကြောင့် ယင်းမြို့နယ်များ၏ ဝေးလံခေါင်သီသော ဒေသများတွင် စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

.

Journal Download

Photo of three cats