နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် မစ္စတာရှောင်တာနယ် အပါအဝင် ၅ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃(၁) ဂ ဖြင့် စစ်ကောင်စီ ထောင်တွင်းတရားရုံးက ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် ထောင်ဒဏ် ၃ နှစ်စီ အမိန့်များ ချမှတ်ခဲ့ကြောင်း သိရသည်။
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ မစ္စတာရှောင်တာနယ် တို့နှင့်အတူ ထောင်ဒဏ်ချမှတ်ခံရသူများမှာ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ ဦးစိုးဝင်း နှင့် ဒုဝန်ကြီးဟောင်း ဦးဆက်အောင် တို့ ဖြစ်ကြောင်း သိရသည်။
.
ဒေါ်အောင်ဆန်းစုကြည် သည် ယခင်က ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရပြီး ဖြစ်ကာ ယခု ချမှတ်ခံရသည့် ပြစ်ဒဏ်နှင့် ပေါင်းလျှင် ထောင်ဒဏ် စုစုပေါင်း ၂၃ နှစ် ရှိပြီ ဖြစ်ကာ နောက်ထပ် အဂတိမှု ၇ မှုကို ဆက်လက်၍ တရားရင်ဆိုင်ရဦးမည်ဖြစ်သည်။