တောင်ကြီး-အေးသာယာအတက်လမ်းတွင် လူငယ်တစ်ဦးကို စစ်ကောင်စီက ပစ်သတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး-အေးသာယာအတက်လမ်းတွင် လူငယ်တစ်ဦးကို စစ်ကောင်စီက ပစ်သတ်

.

တောင်ကြီး-အေးသာယာ အတက်လမ်းတွင် ယနေ့ စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ ထုံးဖိုမှ တောင်ကြီးမြို့သို့ အလုပ်လုပ်ရန် တက်လာသည့် လူငယ်ကို ယနေ့စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူ လူငယ်သည် ထုံးဖိုတွင် နေထိုင်သူဖြစ်ပြီး စစ်ကောင်စီတပ်သားများက ပစ်သတ်ပြီးနောက် အလောင်းကို သယ်‌ဆောင်သွားခဲ့ကြောင်း သိရသည်။

.

လူငယ်မှာ စစ်ကောင်စီတပ်မှ အကြီးအကဲ၏ ကားကို သွားတားမိသည့်အတွက် ကားပေါ်ပါလာသည့် စစ်သားက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြပြီး အလောင်းကိုလည်း မိသားစုဝင်များအား ပြန်ပေးခြင်း မရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats