ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များက ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်ကို KA ၊ KNDF တပ်ရင်း(၂)၊ တပ်ရင်း(၁၂)၊ တပ်ရင်း(၁၄)၊ လွိုင်ကော် PDF၊ KRG Forces နှင့် SSRY တို့ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ တိုက်ပွဲမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံး၍ ၅ ဦးနှင့်အထက် ဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီတပ်၏ ပွိုင့်ဖိုက်သေနတ်ကို ပူးပေါင်းတပ်ဖွဲ့က RPG ဖြင့် ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့သည်ဟု KNDF တပ်ရင်း(၁၄)က ထုတ်ပြန်ထားသည်။
.
တိုက်ပွဲ ဖြစ်ပွားချိန်အတွင်း လွိုင်ကော် အမြောက်တပ်မှ လက်နက်ကြီးဖြင့် အလုံးရေ ၃၀ ထက်မနည်း ကယန်းသာယာ ရွာတွင်းသို့ တရပ်စပ် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။