မုံရွာတွင် ရဲတပ်သား၂ ဦးကို ပစ်ခတ်၍ သေနတ်များ သိမ်းယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုံရွာတွင် ရဲတပ်သား၂ ဦးကို ပစ်ခတ်၍ သေနတ်များ သိမ်းယူ



မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ၊ ရဲကင်းစခန်းမှ စျေးဝယ်ထွက်လာသည့် စစ်ကောင်စီ ရဲတပ်သား၂ ဦးကို မုံရွာခရိုင် တပ်ရင်း(၇) Lightning People Defence Force က ယနေ့ စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းက ပစ်ခတ်ပြီး သေနတ်များကို သိမ်းယူခဲ့သည်ဟု သိရသည်။

.

Lightning People Defence Force ၏ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၅)တို့ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲမှာ စက္ကန့် ၂၀ မျှသာ ကြာမြင့်ပြီး ရဲ ၂ ဦး၊ G-3 (၁) လက်၊ UZI (၁) လက် ရရှိကာ အထိအခိုက် မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ယင်းတပ်ဖွဲ့က ထုတ်ပြန်သည်။

.

Link - https://youtu.be/Fs0TxL78w64

Journal Download

Photo of three cats