ရုပ်သံလိုင်းများ ဆင်ဆာခွင့်ပြုချက်ရယူရမည်ဟု စစ်ကောင်စီ တင်းကြပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရုပ်သံလိုင်းများ ဆင်ဆာခွင့်ပြုချက်ရယူရမည်ဟု စစ်ကောင်စီ တင်းကြပ်

.

ပြည်တွင်း ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသမည့် ပြည်တွင်း/ပြည်ပ ဇာတ်ကာားများ၊ ဇာတ်လမ်းတွဲများအတွက် ဗီဒီယို ဆင်ဆာ ခွင့်ပြုချက် ရယူရမည်ဟု စစ်ကောင်စီက တင်းကြပ်ထားကြောင်း သိရသည်။

.

.

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ရုပ်သံလွှင့်ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲတင့်က ရုပ်သံကုမ္ပဏီများကို ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

.

ဇာတ်လမ်းတွဲများ၊ ဇာတ်ကားများတွင် ပါဝင်သော အချို့အချက်များသည် လက်ရှိအခြေ အနေအရ မပြသင့်တာများ ပါဝင်နေသည့်အတွက် ဆင်ဆာခွင့်ပြုချက်တင်ရန်လိုအပ်ကြောင်း ဦးရဲတင့်က ပြောသည်။

.

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အစိုးရက မီဒီယာများကို နည်းမျိုးစုံဖြင့် နှိပ်ကွပ်နေပြီး သတင်းမီဒီယာများကို လုပ်ကိုင်ခွင့်လက်မှတ် ရုပ်သိမ်းခြင်း၊ စာအုပ် ထုတ်ဝေရေး လုပ်ငန်းများကို ပိတ်သိမ်းခြင်း၊ သတင်းမီဒီယာသမားများကို ဖမ်းဆီးခြင်းအပြင် ယခုအခါ ဖျော်ဖြေရေး ကဏ္ဍမှ ရုပ်သံလိုင်းများကို ဆင်ဆာတင်းကြပ်လာခြင်းဖြစ်သည်။

.

 

Journal Download

Photo of three cats