တာချီလိတ်တွင် အမှိုက်မီးရှို့ရာမှ နေအိမ်မီးလောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် အမှိုက်မီးရှို့ရာမှ နေအိမ်မီးလောင်

.

တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်တွင် ယမန်နေ့၊ စက်တင်ဘာလ ၁၉ ရက်၊ ညပိုင်းက အမှိုက်မီးရှို့ရာမှ နေအိမ်တစ်လုံးကို မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ဝိန်းကျောက်ရပ်ကွက်၊ ပုံလို့လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအနီးတွင် နေထိုင်သူသည် စက်တင်ဘာလ ၁၉ ရက်၊ ည ၉ နာရီခန့်က အရက်သေစာသောက်စား၍ အမှိုက်မီးရှို့ရာမှ ၎င်း၏ သွပ်မိုး၊ သွပ်ကာ အိမ်တစ်လုံး မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကို ၁၀ မိနစ်အတွင်း ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြ ထားသည်။

.

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အမှိုက်မီးရှို့သူ၊ အိမ်ပိုင်ရှင်ကို အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းများးက ဖော်ပြထားသည်။

.

Journal Download

Photo of three cats