မိုးဗြဲ မွေတော်ဘုရား လက်နက်ကြီးကျည် ထိမှန် ပျက်စီးကာ ပြည်သူ ၄ ဦးလည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲ မွေတော်ဘုရား လက်နက်ကြီးကျည် ထိမှန် ပျက်စီးကာ ပြည်သူ ၄ ဦးလည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာ ရ


စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ မွေတော်ဘုရား အဆောက်အဦအား ထိမှန် ပျက်စီးခဲ့ရသည့် အပြင် ကလေးငယ်များ အပါအဝင် ပြည်သူ ၄ ဦးလည်း လက်နက်ကြီးကြောင့် သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ရသည်ဟု သိရသည်။

.



“ စကစမှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်မှုကြောင့် မိုးဗြဲ မွေတော် ဘုရားကျောင်းတွင် စစ်ဘေးရှောင် ခှိုလှုံသော အပြစ်မဲ့ ပြည်သူ ၁၃ ဦး လက်နက်ကြီး ထိမှန်ကာ အသက် ၁၀ နှစ် အောက် ကလေးငယ်မောင်နှစ်မ နှစ်ဦး နှင့် အသက် ၅၀ ကျော် အမျိုးသား ၂ ဦး သေဆုံးခဲ့ပါသည်။ မိုးဗြဲပြည်သူများ အနေဖြင့် လူစုလူဝေးများ ရှောင်ရှားပေးပါရန်နှင့် လုံခြုံသောနေရာတွင် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။” ဟု Mobye Rescue Team က ယနေ့ စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

.



အာဏာသိမ်း စစ်ကောင်စီတပ်များသည် ဝှါရီဆူးပလိုင်ရွာနှင့် မိုးဗြဲမြို့ကြား ရထားလမ်း၌ ရောက်ရှိနေပြီး မိုးဗြဲမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်‌နေ၍ ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသော နေရာတွင် နေပေးကြရန် နှင့် ခရီးသွား ပြည်သူများ အနေဖြင့်လည်း မိုးဗြဲလမ်းအား အသုံး မပြုသေးရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယမန်နေ့တွင် သတိပေးထားသည်။

.

Journal Download

Photo of three cats