.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီး အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင်
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာ သည့်အတွက် ပြည်သူများ သွားလာရေးတွင် မြို့တွင်းပြေးဆွဲနေသည့်
လိုင်းကားများကို စီးနင်းမှု ပြန်လည် များပြားလာ နေကြောင်း သိရသည်။
.
.
စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အတွက်
မြို့တွင်းသွားရေးတွင် ကိုယ်ပိုင်ကား၊ ဆိုင်ကယ် အသုံးပြုမှု လျှော့ချပြီး မြို့တွင်းပြေးဆွဲနေသည့် လိုင်းကားများ ပိုမိုစီးနင်း လာကြခြင်းဖြစ်ကြောင်း သိရသည်။
.
“အခုရက်ပိုင်း ဆီဈေးတက်နေလို့ထင်တယ်။
အရင်ကထက် လိုင်းကားစီးတဲ့လူ နည်းနည်း ပြန်များလာတာပေါ့။ ဆီဈေးတက်ပေမဲ့ ကားခကတော့ ဈေးမတက်ပါဘူး။
ခရီးစဉ်တစ်ကြောင်းကို ၅၀၀ ပါပဲ” ဟု တောင်ကြီးမြို့၊
အမှတ် (၆) ယာဉ်လိုင်းတွင် မောင်းနှင်သည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
.
ယခင်က ငါးရက်တစ်ဈေး ဈေးနေ့တွင်သာ
နံနက်ပိုင်းနှင့် ညနေပိုင်း လိုင်းကားစီးနင်းသူ ရှိခဲ့ပြီး ယခုအခါ
စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် မြို့ပေါ်နေသူများ
လိုင်းကားစီးနင်းမှု များလာခြင်းဖြစ်ကြောင်း သိရသည်။
.
“အရင်က ဈေးသွားရင် ကား၊
ဆိုင်ကယ်တွေနဲ့သွားဖြစ်တယ်။ အခုနောက်ပိုင်း ဆီဈေးတက်လို့
တတ်နိုင်သမျှ လိုင်းကား နဲ့ပဲ သွားတော့တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက
ပြောသည်။
.
စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အတွက်
မြို့ပေါ်နေပြည်သူများ မလိုအပ်ဘဲ သွားလာမှု နည်းပါးနေသည့်အတွက်
တောင်ကြီးမြို့၏ အဓိကကျသည့် လမ်းမကြီးများပေါ်တွင်လည်း အသွားအလာ ကျဲပါးလျက်ရှိကြောင်း
သိရသည်။
.