ခင်ဦးမြို့နယ်ရှိ အင်းပက်ရွာကို စစ်ကောင်စီတပ်က တတိယအကြိမ် မီးရှို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခင်ဦးမြို့နယ်ရှိ အင်းပက်ရွာကို စစ်ကောင်စီတပ်က တတိယအကြိမ် မီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အင်းပတ်ကျေးရွာကိုစစ်ကောင်စီတပ်က တတိယအကြိမ်မြောက် အဖြစ် ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
.
စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၄၀ ခန့်ဖြင့် နံနက် ၅ နာရီခန့်တွင် အင်းပက်ရွာသို့ သေနတ်များ ပစ်ဖောက် ဝင်ရောက်လာပြီး‌နောက် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
" သေနတ်တွေ ပစ်ပြီး ရေဦးဘက်ကနေ ဝင်လာတာ။ ၂ နာရီလောက်လည်း ကြာရော မီးရှို့တော့တာပဲ။ ၇ နာရီလောက် ဖြစ်မယ်။ ခု ရှို့တာက သုံးကြိမ်မြောက်၊ အရင်ကလည်း ရှို့သေးတယ်။ " ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
အင်းပက်ရွာသည် အိမ်ခြေ ၅၀၀ ခန်ရှိသော ကျေးရွာ တစ်ရွာ ဖြစ်ကာ ယခင်ကလည်း စစ်ကောင်စီတပ်များ၏ ၂ ကြိမ် မီးရှို့ ဖျက်ဆီးခံခဲ့ရသေးကြောင်း သိရသည်။
.
ပထမအကြိမ်တွင် နေအိမ်၂၀၀ ခန့် ၊ ဒုတိယအကြိမ်တွင် နေအိမ် ၇ အိမ်နှင့် ယခု တတိယအကြိမ်တွင် နေအိမ် ၁၀ အိမ်ဖြင့် စုစုပေါင်း နေအိမ် ၂၁၇ အိမ်အထိ မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။ 
.
စစ်ကိုင်းတိုင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ဖျက်ဆီးခံရမှုစာရင်းတွင် အများဆုံးဒေသ တစ်ခု ဖြစ်သည်။

Journal Download

Photo of three cats