.
တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ဝဲယာတစ်လျှောက်တွင်
ယာဉ်မရပ်ရသည့် ဖြူ/နီကြား ပြုလုပ် လိုက်သည့်အတွက် ကားဆိုင်ကယ် အသုံးပြုသူများ အခက်အခဲဖြစ်ပေါ်နေပြီး
မော်တော်ဆိုင်ကယ်များအား လမ်းဘေး ပလက်ဖောင်းများပေါ်တွင် ရပ်ထားရကြောင်း သိရသည်။
.
.ယင်းကဲ့သို့ ဆိုင်ကယ်များအား ပလက်ဖောင်းပေါ်တွင် ရပ်ထားရသည့်အတွက်
လမ်းလျှောက်သွားလာသူများ အနေဖြင့် လမ်းမကြီးပေါ်မှ သွားလာနေရပြီး ယာဉ်တိုက်မှုအန္တရယ်
ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
“လမ်းဘေးမှာ ကားဆိုင်ကယ်တွေ ရပ်လို့မရတော့ ဈေးဝယ်လာတဲ့ ဆိုင်ကယ်တွေက
ပလက်ဖောင်းပေါ် တက်ရပ်ထား ရတာပေါ့။ လမ်းလျှောက်တဲ့လူတွေက ကားလမ်းပေါ် ဆင်းလျှောက်နေရတော့
ယာဉ်တိုက်မှုဖြစ်မှာကို ကြောက်နေရ တယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်၌ ယာဉ်မရပ်ရသည့်
ဖြူ/နီကြား ပြုလုပ်ထားပြီး ရပ်နားထားသည့်ယာဉ်များအား သြဂုတ်လ ၂၂ ရက်မှစတင်၍ ဖမ်းဆီးမှုများ
ပြုလုပ်နေကြောင်း သိရသည်။
.