စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ဒေသခံပြည်သူများသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ခန့်ထားရေးအတွက် ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။
.
ကုလသမဂ္ဂအစည်းအဝေးများတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ငြိမ်းချမ်းရေး၊
လုံခြုံရေးနှင့် တရားမျှတမှုများကို မြန်မာနိုင်ငံအတွက် ဆောင်ကျဉ်းပေးနိုင်ရန် လုပ်ဆောင်နိုင်မှာ
ဖြစ်သည့်အတွက် ဆန္ဒပြပြည်သူများက စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၅၅၃
ရက်မြောက်နေ့အဖြစ် ဆက်လက် ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
.
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သံအမတ်ကြီး
ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေး တိုက်ပွဲ (Credential Campaign) ကို
ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရန် အချိန်ကျရောက်နေပြီး မြေပြင်
လှုပ်ရှားမှုများအပြင် အွန်လိုင်းမှာပါ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ကြရန်ကိုလည်း
ဆန္ဒပြဦးဆောင်သူများက တိုက်တွန်းထားသည်။
.