ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ရွာအနီး၌ ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၂၅ ရက်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ပြီးရာ စစ်ကောင်စီတပ်ဘက်က သေဆုံး ဒဏ်ရာ ရသူများ ရှိကြောင်း သိရသည်။
.
တိုက်ပွဲမှာ နံနက် ၈ နာရီခွဲခန့်မှ ၁၁ နာရီထိ နှစ်နာရီခွဲ ကျော်ကြာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၄ ဦးသေ၊ ၈ ဦးထက်မနည်း ဒဏ်ရာရရှိကာ CDF ရဲဘော် ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု မတူပီ CDF က ထုတ်ပြန်ထားသည်။
.
မတူပီ - ဟားခါးလမ်းသို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာသည့် စစ်ကောင်စီ၏ ခလရ (၁၄၀) တပ်ရင်းနှင့် မတူပီ CDF တို့ စက်တင်ဘာ ၂၄ ရက်မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ စက်တင်ဘာ ၂၄ ရက်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၃ ဦး သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိသည်ဟု CDF က ထုတ်ပြန်ထားသည်။