.
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်
လောင်းလုံးမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကင်ရေး
ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
.
ထိုသို့ ချီတက်ဆန္ဒပြရာတွင် “စစ်ကျွန်မရှိတဲ့
တိုင်းပြည်မှာ စစ်အာဏာရှင် မရှိဘူး” စာသားကို ကိုင်ဆောင်ကာ မတရားအမိန့်မှန်သမျှ
ဖီဆန်ကြရန် ကြွေးကြော်ချီတက်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို အခြေခံပညာကျောင်းသားများ
သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)၊ အမျိုးသမီး၊ LGBT နှင့်
လူငယ်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.