တောင်ကြီးမြို့နယ်မှ နိုင်ငံရေးဆိုင်ရာ ပုဒ်မဖြင့် ဖမ်းဆီးခံထားရသူများ ကျန်းမာရေး စောင့်ရှောက်မှု မရဘဲ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်မှ နိုင်ငံရေးဆိုင်ရာ ပုဒ်မဖြင့် ဖမ်းဆီးခံထားရသူများ ကျန်းမာရေး စောင့်ရှောက်မှု မရဘဲ ဖြစ်နေ

တောင်ကြီးမြို့နယ်အတွင်း၌ ယခု ရက်ပိုင်းအတွင်း နိုင်ငံရေးဆိုင်ရာ ပုဒ်မဖြင့် ဖမ်းဆီးခံထားရပြီး အမှု ရင်ဆိုင်နေကြရသူများသည် ကျန်းမာရေး စောင့်ရှောက်မှု မရရှိဘဲ ဖြစ်နေကြောင်း သိရသည်။

.

“ တောင်ကြီး အမှတ်(၁/၂) (မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်း) ထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဖမ်းခံထားရသူတွေ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် မရကြဘူး၊ တချို့ ကိုဗစ်လည်း ဖြစ်နေကြတယ်။” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.



စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှု ခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် အမှုဖွင့်ခံရပြီးနောက် တရားရုံးတွင် တရား ရင်ဆိုင်နေရသူများ ဖြစ်ကာ စုစုပေါင်း ဦးရေ ၁၀၀ ခန့် ရှိနိုင်သည်ဟု သိရသည်။

.

“ ၅၀၅ တွေ၊ အကြမ်းဖက်တိုက်ဖျက်ရေးလို မျိုးတွေပေါ့။ အနည်းဆုံး ၁၀၀ ဝန်းကျင် ရှိတယ်။ တရား ရင်ဆိုင်နေကြရတဲ့သူတွေပါ။”  ဟု သတင်းရင်းမြစ် က ပြောသည်။

.

တောင်ကြီးမြို့နယ်အတွင်း၌ စစ်ရေးလှုပ်ရှားမှု မရှိတော့သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီး စစ်ဆေးမှုများကိုမူ ဆက်လက် ပြုလုပ်နေလျက် ရှိရာ နေ့စဉ်နှင့်အမျှ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။

.

Journal Download

Photo of three cats