​​​​‌မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံး၍ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂ ဦး ကျဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​‌မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံး၍ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂ ဦး ကျဆုံး



မိုးဗြဲမြို့၊ ပွဲကုန်း (၃)ရပ်ကွက်၊ ဘုရားကျောင်းဝန်းအနီး၌ ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးကျော် သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ပြီး ပူးပေါင်းတပ်ဘက်မှ ၂ ဦး ကျဆုံးခဲ့‌ကြောင်း KNDF က ထုတ်ပြန်ချက်အရ သိရသည်။

.

KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU ၊ URF တို့ ပူးပေါင်း၍ ၄ ရက်တိုင်တိုင် တပ်စွဲရန် ကြိုးစားနေသော စစ်ကောင်စီတပ်များအား ပိတ်ဆို့ ချေမှုန်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.



တိုက်ပွဲအတွင်း သေဆုံး စစ်ကောင်စီ တပ်သားများ၏ လက်နက်များအား ကောက်ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းလက်နက်များအနက် MA-1 သေနတ် ၁ လတ် ၊ MA-3 သေနတ် ၂ လက် ၊ RPG သီးများ ၊ ၆၀ မမအသီးများ ၊ ဆက်သွယ်ရေး အထိုင်စက် ၁ လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကိုသာ သိမ်းဆည်းရခဲ့‌ကြောင်း KNDF က ဆိုသည်။ 

.

စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း ရဲရင့်စွာကျဆုံးသွားသော မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော် ၂ ဦးအား အာဇာနည်သူရဲကောင်းများအဖြစ် လေးစားအသိအမှတ် ပြုကြောင်း KNDF က ထုတ်ပြန်ထားူသည်။

.

စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း အထိနာခဲ့သဖြင့် တစ်နေကုန်နီးပါး လက်နက်ကြီးများကို အလွန်အကျွံ အသုံးပြု ပစ်ခက်ခဲ့သလို ညနေပိုင်းတွင်လည်း တိုက်လေယာဥ်ဖြင့် ၂ ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့ရာ ပြည်သူလူထု၏ နေအိမ်အများအပျားလည်း ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။ 

.

မိုးဗြဲမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်မှ စ၍ နေ့စဥ် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြသေးရန် ပြည်သူများအား KNDF က တိုက်တွန်းထားသည်။  

Journal Download

Photo of three cats