.
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ
ကျေးရွာမျးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ဓါးစားခံ ပြည်သူတစ်ဦးကို
သတ်ဖြတ်ကာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ
ပြုလုပ် ခဲ့ကြောင်း သိရသည်။
.
.စစ်ကောင်စီတပ်သည် ယမန်နေ့
စက်တင်ဘာလ ၁၈ ရက်တွင် ဘုတလင်မြို့နယ်၊ အောင်သာရွာ ဘုန်းကြီးကျောင်းသို့ ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီးနောက်
ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကားတစ်စီး အပါအဝင် ဆိုင်ကယ်အများအပြားနှင့် ကျေးရွာအတွင်းရှိ
နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အလားတူ စက်တင်ဘာလ
၁၆ ရက်ကလည်း ဘုတလင်မြို့နယ်အတွင်းရှိ အောင်ချမ်းသာ၊ သက်ရှည်ကန်နှင့် မင်းရွေး ကျေးရွာများကို
စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ၄ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း
သိရသည်။
.
ထို့အပြင် စက်တင်ဘာလ
၁၃ ရက်တွင်လည်း ပဲပြစ်တောအရှေ့ရွာမှ ဒေသခံ ၃၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ
ပြုလုပ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံ ၇၀၀ ခန့် ထွက်ပြေးတိမ်းရှောင်
နေရကြောင်း သိရသည်။
.
[ ဓာတ်ပုံ -
ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး ]
.