.
မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ရှိ
စစ်ကောင်စီဗျူဟာတပ်စခန်းအနီး၌ ယမန်နေ့ စက်တင်ဘာလ ၆ ရက်၊ ညပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
ကွတ်ခိုင်မြို့နယ်၊
နမ့်ဖက်ကာ ဟန်ကိုင်ကျေးရွာအနီးရှိ KIA တပ်ဖွဲ့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ ပြီးနောက် ည ၈ နာရီခန့်တွင်
ကွတ်ခိုင်မြို့မအခြေစိုက် စစ်ကောင်စီဗျူဟာ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုကြောင့်
မော်ဟစ်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပြီး ကလေးငယ်တစ်ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
.