.
နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင်
ယနေ့ စက်တင်ဘာလ ၂၉ ရက်၊ ညပိုင်းက မော်တော်ယာဉ်တစ်စီး ဗုံးပေါက်ပြီး တစ်ဦး သေဆုံး၍ တစ်ဦး
ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.စစ်တပ်ဝင်းအတွင်းမှ
အိမ်စီးကားတစ်စီး ယနေ့ စက်တင်ဘာလ ၂၉ ရက်၊ ည ၇ နာရီခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး
စစ်ဆရာဝန်တစ်ဦး သေဆုံး၍ အခြား တစ်ဦးမှာ ခြေထောက်တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း
ဒေသခံများ ထံက သိရသည်။
.
အဆိုပါ
သေဆုံးသူမှာ စစ်ဆရာဝန် ဟုတ်/မဟုတ် ဆိုသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးချေ။
.
လတ်တလောတွင် ဗုံးပေါက်ကွဲမှု
ဖြစ်ပွားသည့် အကြောင်းရင်းကို မသိရှိရသေးဘဲ စစ်ကောင်စီတပ်နှင့် ရဲများက လာရောက်စစ်ဆေးမှုများ
ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.