ဧရာဝတီမြစ်အတွင်းမှ စစ်ကောင်စီတပ်၏ စစ်သင်္ဘောများကို ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဒေသ (၁)၊ အနောက်ပိုင်းတိုင်း တပ်မဟာ (၇) ၊ ဒရုန်းတပ်ရင်း (၇၀၆)၊ အညာမြေ တပ်ခွဲ (၂) (Wings Of The Irrawaddy) က သတင်း ထုတ်ပြန်သည်။
.
“ ဧရာဝတီထဲမှာ ဒုတိယအကြိမ် တက်လာကြတဲ့ စစ်သင်္ဘောတွေကို CDSOM၊ YF Drone Team နဲ့ မိမိတို့အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။” ဟု Wings Of The Irrawaddy က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်ကလည်း တော်လှန်ရေးမဟာမိတ်တပ်များ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီသင်္ဘောများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု သိရသည်။