.
စစ်ကောင်စီ အာဏာသိမ်းပြီးသည့်
နောက်ပိုင်းမှစ၍ တောင်ကြီးမြို့ပေါ်တွင် နေ့စဉ်ထုတ် သတင်းစာနှင့် အပတ်စဉ် ထုတ် ဂျာနယ်များ
ဖတ်ရှုသူမရှိတော့သည့်အတွက် သတင်းစာ၊ ဂျာနယ်ဈေးကွက် လုံးဝပျက်စီးသွားကြောင်း သိရသည်။
.
.ပြည်သူ့အစိုးရလက်ထက်တွင်
ပုဂ္ဂလိကသတင်းစာနှင့် ဂျာနယ်များ လွတ်လပ်စွာ ထုတ်ဝေခွင့်ရသည့်အတွက် ဝယ်ယူဖတ်ရှုသူ များပြားခဲ့ပြီး
ယခုအခါ စစ်ကောင်စီဝါဒဖြန့် သတင်းစာများသာ ထွက်ရှိနေသည့်အတွက် ဖတ်ရှုသူ မရှိတော့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“အရင်ကတော့ နေ့စဥ်ထုတ်သတင်းစာတွေ၊
တောင်ကြီးအခြေစိုက် ထုတ်နေတဲ့ ဂျာနယ်တွေ ဖတ်ဖြစ်ပါတယ်။ အခုနောက်ပိုင်းကျတော့ သူတို့ဝါဒဖြန့်သ
တင်းစာတွေပဲထွက်တော့ မဖတ်တော့ဘူး” ဟု တောင်ကြီးမြို့ပေါ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
.
ပြည်သူ့အစိုးရလက်ထက်တွင်
လွတ်လပ်သည့် သတင်းစာနှင့် ဂျာနယ်အများအပြား ထွက်ရှိခဲ့ပြီး လက်ပွေ့ ရောင်းချသူများ
အဆင်ပြေခဲ့သော်လည်း စစ်ကောင်စီ အာဏာသိမ်းပြီး
နောက်ပိုင်းမှစ၍ ဝါဒဖြန့် သတင်းစာများသာ ထွက်ရှိတော့သည့်အတွက် ဖတ်ရှုသူမရှိသဖြင့် သတင်းစာ/ဂျာနယ်
လက်ပွေ့ရောင်းချသူများလည်း ဘဝရပ်တည်ရန် ခက်ခဲလာနေကြောင်း သိရသည်။
.
“အာဏာသိမ်းပြီးနောက်ပိုင်း
လူအများစုဖတ်တဲ့သတင်းစာနဲ့ ဂျာနယ်တွေ မထွက်တော့ဘူးလေ။ အဲဒီတော့ ဂျာနယ် ရောင်းတဲ့အလုပ်နဲ့က
မိသားစုစားဝတ်နေရေး ရပ်တည်လို့မရတော့ဘူးပေါ့။ အခုတော့ ကြုံရာကျပန်း လိုက်လုပ်နေ
ရတယ်” ဟု ယခင်က တောင်ကြီးမြို့ပေါ်တွင် သတင်းစာနှင့်ဂျာနယ် လက်ပွေ့ရောင်းချခဲ့ဖူးသူတစ်ဦးက
ပြောသည်။
.
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း
ပြည်သူအများစုဖတ်ရှုသည့် နေ့စဉ်ထုတ် သတင်းစာနှင့် ဂျာနယ်များအား ထုတ်ဝေခွင့်ပိတ်သိမ်းခြင်း၊
သတင်းသမားများအား ဖမ်းဆီးထောင်ချခြင်းများ ရှိခဲ့ပြီး ဝါဒဖြန့်သတင်းစာများသာ
ဆက်လက်ထုတ်ဝေနေသည့်အတွက် သတင်းစာနှင့် ဂျာနယ်ဈေးကွက် လုံးဝပျက်စီးသွားခြင်းဖြစ်ကြောင်း
စာဖတ်သူများက ဝေဖန်ပြောဆိုကြသည်။
.