.
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊
အုတ်ဖိုအိုင်ကျေးရွာတွင် ကင်းစောင့်နေသည့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် အရပ်သား
စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း
သိရသည်။
.
.
ကျေးရွာကာကွယ်ရေးတပ်ဖွဲ့မှ
ရဲဘော် ၄ ဦးနှင့် ကျေးရွာသား ၆ ဦးတို့သည် စက်တင်ဘာလ ၁၆ ရက် ဒလန် သတင်းပေးမှုကြောင့်
ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး မီးလောင်ကျွမ်းပြီး ကျန်ရစ်ခဲ့သည့် ရုပ်အလောင်းများကို
ယင်းနေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က တွေ့ရှိ၍ မီးသင်္ဂြိုဟ်ကာ အမိန့်ပြန်ပေးခဲ့ရကြောင်း
သိရသည်။
.
တပ်မ(၃၃)
လက်အောက်ခံစစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ ၁၆ ရက်၊ နံနက် ၅ နာရီခန့်တွင်
အုတ်ဖိုအိုင်ကျေးရွာကို ရုတ်တရက် ဝင်ရောက်လာပြီး ရွာသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.