ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် စစ်အာဏာရှင် ကျရှုံးရေး ၅၆၂ ရက်မြောက်အဖြစ် ဆက်လက် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ဆန္ဒပြ ပြည်သူများသည် နယ်မြေမငြိမ်သက်မှုကြားမှ "Accept NUG And Our Ambassador, Reject Dictator" စာတန်းအား ကိုင်ဆောင်၍ စစ်အာဏာရှင် ကျရှုံးရေး ဟစ်ကြွေးကာ ဆန္ဒပြချီတက်ခဲ့ကြခြင်း ဖြစ်သည်။
.
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတော်လှန်နေလျက် ရှိသည်။