.
တောင်ကြီးမြို့ပေါ်ရှိ
အခြေခံပညာကျောင်းအချို့တွင် အတန်းပိုင်ဆရာမများမှ ကလေးများကို အတင်းအဓမ္မ
ကျူရှင်ခေါ်ယူသင်ကြားနေသည်ဟု သိရသည်။
.
.“တောင်ကြီးမြို့ပေါ်က အထက်တန်းကျောင်းတစ်ခုမှာ
မိဘနဲ့ ကျောင်းသားရဲ့ဆန္ဒမပါဘဲ ငါ့ကလေးတွေ င့ါဆီမှာပဲ
ကျူရှင်တက်ရမယ် ဆိုပြီး အတင်းအဓမ္မ ကျူရှင်ခေါ်တယ်။ အတန်းပိုင်ဆီမှာ မတက်ရင်
အတန်းထဲမှာ ကလေးကို ငြှိုးမှာ၊ ပြဿနာ အမျိုးမျိုးရှာမှာစိုးလို့ ပို့နေရတယ်။
ကလေးတွေ ကို အမြဲတမ်းဆူပူဆဲဆိုပြီး ငါအတန်းပိုင်၊ ငါအတန်းမှူးဆိုပြီး ပါဝါပြနေတဲ့
အတန်းပိုင်တွေကို ရွံကြောက်ကြီး ဖြစ်နေတာပါ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
.
ယခုအခါ အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လာနေပြီး ဝင်ငွေနည်းပါးမှုကြောင့် ပြည်သူအားလုံး ကြပ်တည်းနေချိန် ဖြစ်ပြီး
ယင်းကဲ့သို့ Non-CDM ဆရာမများ၏ အတင်းအကြပ်
ကျူရှင်ခေါ်ယူသင်ကြားမှုကြောင့် ငွေကြေးမတတ်နိုင် သည့် မိဘများအတွက် အခက်အခဲ
ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
“ကုန်ဈေးနှုန်းတွေကတက်တော့ စီးပွားရေးက ဘာမှလုပ်စားလို့မရ၊
တချို့ မရှိတဲ့သူတွေဆိုရင် စားဖို့တောင် အနိုင်နိုင် ဖြစ်နေပြီ။
ဒီလိုအချိန်မျိုးမှာ ဆရာမတွေအနေနဲ့ ငွေကြေးရလိုမှု တစ်ခုတည်းနဲ့ ခုလို အတင်းအကြပ်
ကျူရှင်ခေါ်သင် တယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ကလေးတွေ ကျူရှင်မတက်နိုင်တော့
မျက်နှာငယ်၊ နောက်ဆုံး ပညာရေးနဲ့ ဝေးသွားလိမ့်မယ်” ဟု တောင်ကြီးဒေသခံတစ်ဦးကလည်း
၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ
အခြေခံပညာကျောင်းများကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၂ ရက်တွင်
စတင်ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ပြီး ကျောင်းများစတင်ဖွင့်လှစ်ပြီး မကြာမီမှာပင် Non-CDM
ကျောင်းဆရာမများက အခကြေးငွေဖြင့်
ကျူရှင်ခေါ်ယူသင်ကြားနေကြခြင်းဖြစ်ကြောင်း သိရသည်။
.