စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ဆိပ်ဖြူ နှင့် ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၂၀၀၀၀ ကျော် ထွက်ပြေးနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ဆိပ်ဖြူ နှင့် ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၂၀၀၀၀ ကျော် ထွက်ပြေးနေရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် နှင့် ပခုက္ကူမြို့နယ်တို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေးနေကြရကြောင်း သိရသည်။
.
စစ်ကောင်စီ၏ ဝါဇီစက်ရုံနှင့် ကပစ (၂၂) လက်နက်စက်ရုံ နှစ်ခုကြားရှိ သံပရာပင်၊ ဆားလောင့်၊ အနောက်ကမ်းဖြူ၊ ဘဲကျ ၊ ကျားပေ၊ ကျားကွဲ၊ ညောင် ဂွေးဝကျေး ရွာများ၊ ယောချောင်းတစ်ဖက်ကမ်း ပခုက္ကူမြို့နယ်မှ စိုင်ဖြူ၊ ရှားဒူးရွာ၊ တောင်ပါးလူ၊ အရှေ့ကမ်းဖြူ၊ ဥယျဥ်စု၊ ဒဲ့ပြား၊ စညောင်း၊ မြစ်ဖျား၊ လေးတိုင် စသည့်ကျေးရွာ ၁၅ ရွာကို စက်တင်ဘာလ ၁၆ ရက်က စတင်ပြီး စစ်ကြောင်းထိုး လာသောကြောင့် ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (NSP)က စက်တင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
စစ်ကောင်စီတပ်များသည် ကျေးရွာများတွင် ဒေသခံများကို PDF များဟု စွပ်စွဲသလို PDF များကို သတင်းပေးခြင်း ထောက်ပံ့ခြင်းများ ပြုလုပ်သူအဖြစ် စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်မှုများ သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံများမှာ ထွက်ပြေးနေကြရခြင်း ဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်များသည် အနောက်ကမ်းဖြူကျေးရွာမှ အသက် ၃၀ ဝန်းကျင်ရှိ ပြည်သူ တစ်ဦးကို ရက်စက်စွာ ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟုလည်း သိရသည်။
.
နေရပ်စွန့်ခွာ စစ်ရှောင်လာကြရသည့် ပြည်သူများကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (NSP)မှ ကယ်ထုတ်ခဲ့ရပြီး ဘေးလွတ်ရာနေရာများသို့ ပို့ဆောင်ကာ စားနပ်ရိက္ခာ၊ ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats