စစ်ကောင်စီ တပ်စခန်း မှန်သမျှကို အချိန် နေရာ မရွေး တိုက်ခိုက်ချေမှုန်းသွားမည်ဟု ညီညွတ်သော ရှမ်းတောင်ဖယ်ဒရယ်တပ်ပေါင်းစု အသိပေးထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ တပ်စခန်း မှန်သမျှကို အချိန် နေရာ မရွေး တိုက်ခိုက်ချေမှုန်းသွားမည်ဟု ညီညွတ်သော ရှမ်းတောင်ဖယ်ဒရယ်တပ်ပေါင်းစု အသိပေးထား

အမှတ် (၁၀၀၅) တပ်ရင်း၊ အမှတ် (၁၀၀၈) တပ်ရင်း (SSRY)၊ အမှတ် (၁၀၀၉) တပ်ရင်း (IPDF)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) နှင့် NUG လက်အောက်ခံတပ်ရင်း တစ်ရင်း တို့ဖြင့် ပူးပေါင်း ဖွဲ့စည်းထားသည့် ညီညွတ်သော ရှမ်းတောင်ဖယ်ဒရယ်တပ်ပေါင်းစု (USSFU) နယ်မြေအတွင်း၌ ကျူးကျော် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းများ မှန်သမျှကို အချိန်၊ နေရာ မရွေး တိုက်ခိုက် ချေမှုန်းသွားမည်ဟု ယင်းတပ်ပေါင်းစုက အသိပေးထားသည်။

.

စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြသော်လည်း အခက်အခဲ အမျိုးမျိုးကြောင့် အာဏာရှင်ကို တွန်းလှန်ရန် ကြန့်ကြာနေသည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပထမဆုံး စစ်မျက်နှာပြင် ဖွင့် ထိုးစစ်ဆင် တိုက်ခိုက်မှု အပြီးတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ယင်းကဲ့သို့ ထည့်သွင်း အသိပေးထားခြင်း ဖြစ်သည်။

.



အဆိုပါ ပထမဆုံး စစ်မျက်နှာပြင် ဖွင့် ထိုးစစ်ဆင် တိုက်ခိုက်မှုကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

.

ယင်း တိုက်ပွဲတွင် ကျည်အင်အား လုံလောက်မှု အားနည်းခြင်း၊ လက်နက်ကြီး မလုံလောက်ခြင်း၊ ရန်သူဘက်မှ စက်သေနတ်၊ လက်နက်ကြီး ပစ်ကူများ အဆက်မပြတ် ပစ်ခတ်နေခြင်း၊ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့သည့် အပြင် စစ်ကူ လာရောက်သည့် စစ်ကောင်စီဘက်၌ PNO ပြည်သူ့စစ်တပ်ဖွဲ့ပါပါဝင်လာရာ တိုင်းရင်းသား အချင်းချင်း သွေးခွဲ သပ်လျိုနေသော ဘုံရန်သူစစ်ကောင်စီ မဟုတ်ချင်းကြောင့် ထိပ်တိုက် ရင်ဆိုင်လိုခြင်း မရှိ၍  ပြန်လည် ဆုတ်ခွာပေးခဲ့သည်ဟု USSFU က ဆိုသည်။

.

“ ဆက်လက်ပြီး  PNO/PNA  အနေဖြင့် နောင်တစ်ချိန်တွင်လည်း တိုင်းရင်းသားအားလုံး၏ ဘုံရန်သူ ဖြစ်သော စစ်အာဏာရှင်အား နည်းအမျိုးမျိုးဖြင့် မိမိတို့ တပ်ပေါင်းစုနှင့်အတူ ပြည်သူများဘက်မှ ရပ်တည်သွားမည်ဟုလည်း ယုံကြည်မိပါသည်။” ဟု USSFU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

.

Journal Download

Photo of three cats