.
ရခိုင်ပြည်နယ်အတွင်းရှိ
မြို့နယ်အသီးသီးသို့ ပြေးဆွဲနေသည့် ခရီးသွားလာမှုကို မှတ်ပုံတင်ပါမှသာ သွားလာခွင့်ပြုသည့်
အတွက် ကျောက်တော်ဂိတ်တွင် ခရီးသွားကားများ ၁ ရက်ကြာ ပိတ်ဆို့နေကြောင်း သိရသည်။
.
.ပြည်မ
သို့သွားလာခြင်းမဟုတ်ဘဲ ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်အချင်းချင်း သွားရခြင်းကို
မှတ်ပုံတင် ပြကာ စစ်ဆေးမှုခံယူနေရသည့်အတွက် ယင်း သို့စစ်ကောင်စီ၏ စစ်ဆေးခံရမှုအပေါ်ရခိုင်ဒေသခံများ
ဝေဖန်လျက်ရှိသည်။
.
ထိုသို့ မှတ်ပုံတင်စစ်ဆေးမှုအပြင်
တစ်ခါတစ်ရံ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ဖုန်းနှင့် တင်ဆောင် လာသော
အထုပ်များကိုပါဖွင့်ဖောက် စစ်ဆေးမှုတို့ရှိနေသည့်အတွက် ပစ္စည်းများ
ဆုံးရှုံးမှုများရှိနေကြောင်း သိရသည်။
.
ပြည်တွင်း၌ပင်
လွတ်လပ်စွာသွားလာခွင့်မပြုဘဲ တင်းကြပ်စွာစစ်ဆေးနေသည့်အတွက် ပြည်သူများ၏
လွတ်လပ်မှုကို ပိတ်ပင်ရာရောက်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
.
ရခိုင်ပြည်နယ်
စစ်တွေမှအမ်း အထိ ကားလမ်းတစ်လျှောက်ရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်များဖြစ်သည့် စစ်တွေ
တပ်ထိန်းဂိတ်၊ ကျောက်တန်းဂိတ်၊ ကျောက်တော် တပ်ထိန်းဂိတ်၊ မြောက်ဦး (၅၄၀) တပ်ရင်း
စစ်ဆေးရေးဂိတ်နှင့် အမ်း၊ ပဲပဒုံ စစ်ဆေးရေးဂိတ်၊ ၃၇၁၊ ၃၇၂၊ ၃၇၃တပ် ရင်းတို့အပြင်
စစ်ဆေးရေးဂိတ် ၂၀ ကျော်အထိရှိနေသည်။.
စစ်ကောင်စီက
ရခိုင်တွင် ၂၀၂၀ခုနှစ်ခန့်ကတည်းက စစ်ဆေးရေးဂိတ်များကို တိုးချဲ့ချထားခဲ့သော်လည်း
ယင်းအချိန်က စစ်ဆေးမှုမတင်းကျပ်ဘဲ ယခုနှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလခန့်မှစကာ
စစ်ကောင်စီနှင့် AA တို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက်တွင်
စစ်ဆေးမှုများယခင်ကထက် ပိုမိုလုပ်ဆောင်လာနေခြင်း ဖြစ်သည်။
.
.