ဆီဆိုင်မြို့နယ်မှ လူငယ် ၂ ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မဖြင့် ဝရမ်း ထုတ်ခံထားရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်မြို့နယ်မှ လူငယ် ၂ ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မဖြင့် ဝရမ်း ထုတ်ခံထားရ

စစ်ဘေးရှောင် ပြည်သူများအား ကူညီပေးခဲ့သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာမှ လူငယ် ၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မဖြင့် ဝရမ်းထုတ်ထားသည်ဟု သိရသည်။

.

အဆိုပါ လူငယ်များမှာ စိုင်းသက်ရဲဝင့်ဇင် နှင့် နန်းချောအိအိရှိန် တို့ ဖြစ်ပြီး ၎င်းတို့သည် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ အကြောင်းမဲ့ လိုက်လံ ရှာဖွေ ဖမ်းဆီးနေမှုကြောင့် ပြီးခဲ့သည့် မတ်လ ၃၁ ရက်မှ စတင်၍ တိမ်းရှောင် နေရခြင်း ဖြစ်ကာ ဩဂုတ်လ ၂၅ ရက် ရက်စွဲဖြင့် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခံရပြီးနောက် ယနေ့တွင် အမိန့် ကြော်ငြာစာကို ကပ်ထား ကြေညာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.



“ ဒီမနက်ကပဲ စာထုတ်လာတာဗျ။ ထုချေ ရှင်းလင်းဖို့ ဆိုပြီး ဆင့်ခေါ်တာပေါ့။ သူတို့က သာမန် အရပ်သား ပြည်သူတွေပါ။ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီခဲ့တာပဲ ရှိခဲ့တာ။ မတရားသဖြင့် သူတို့ (စစ်ကောင်စီ) လုပ်တာ။” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)/ ကျင့် ၅၁၂ ဖြင့် အမှုဖွင့်လှစ်ထားခြင်း ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံးသို့ တိုင်လျှောက်စွပ်စွဲချက်ကို ထုချေရှင်းလင်းရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး က အမိန့်ကြော်ငြာစာ ထုတ်ဆင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats