ထားဝယ်မြို့နယ်၊ ရေး - ထားဝယ် ကားလမ်းမပေါ်ရှိ မောင်မယ်ရှောင်ကျေးရွာ နှင့် ဇဟာရွာ ကြား၌ စက်တင်ဘာလ ၁၀ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရသည်ဟု သိရသည်။
.
ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့
(DGRF)က စစ်ကောင်စီတပ်ဖွဲ့ဝင် အပြည့် တင်ဆောင်၍ ရေဖြူမှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့်
စစ်ကောင်စီတပ် ယာဉ် ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်၏
ပထမကားအား ထိမှန်၍ စစ်ကောင်စီ တပ်သားများ ထိခိုက်ကျဆုံးမှု များပြားနိုင်သည်ဟု DGRF
က ထုတ်ပြန်သည်။
.
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်
စစ်ကောင်စီဘက်မှ အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူနှစ်ဦး
အသေးစား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။
Link - https://youtu.be/lms9VyPjWvU