​​​​တောင်ကြီး - ဟိုပုံးလမ်း ၆ မိုင်ရှိ ကြက်ခြံများကြောင့် ပတ်ဝန်းကျင်နေသူ ပြည်သူများ အခက်အခဲ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​တောင်ကြီး - ဟိုပုံးလမ်း ၆ မိုင်ရှိ ကြက်ခြံများကြောင့် ပတ်ဝန်းကျင်နေသူ ပြည်သူများ အခက်အခဲ ဖြစ်နေ



တောင်ကြီးမြိုနယ်၊ တောင်ကြီး - ဟိုပုံးသွား ပြည်ထောင်စုလမ်း၊ ၆ မိုင်ရှိ ကြက်ခြံများမှ ထွက်သည့် အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်နေ ပြည်သူများ အခက်အခဲ ဖြစ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

.

“ ကျွန်မတို့ ထီဆုံရွာမှာ ကြက်ခြံတွေ ထပ် မွေးနေတာပါ။ အနံ့ မခံနိုင်လိုပြောတာကို လက်မခံဘဲ ဆက်မွေးပါတယ်။ လမ်းထိပ်ကနေ စပြီး ကျွန်မတို အိမ် ပတ်ဝန်းကျင်မှာ ၄ ခြံရှိပါတယ်။ ကြက်ခြံနဲ့ အိမ်နဲ့က ၂ ပေပဲ ခြားပါတယ်။” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

.

ယင်းကဲ့သို ကြက်ခြံများ တည်ဆောက်ထားသဖြင့် အနံ့ဆိုးများ ထွက်နေခြင်းကြောင့် ပတ်ဝန်းကျင်ရှိ ပြည်သူများက လက်မခံသည့်အပြင် ရွာလူကြီးမှ အစည်းအဝေး ခေါ်ယူကာ ဝာားမြစ်သော်လည်း လိုက်နာခြင်း မရှိဘဲ ဆက်လက် မွေးမြူနေခြင်း ဖြစ်ကြောင်း သိရသည်။

.


“ လူနေအိမ်တွေ အများကြီးပါ။ ဒီနား ကဘယ်သူမှလက်မခံတာကို ဇွတ်အတင်း မွေးနေလိုပါ။ ရွာလူကြီးကလည်း အစည်းဝေးခေါ်ပြီး တားပါတယ်။ သူတိုက လက်မခံဘူး ပြောပါတယ်။ အိမ်ပတ်ဝန်းကျင်ကလည်း တိုင်တာတွေလည်း ရှိပါတယ်။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

အဆိုပါ တောင်ကြီး - ဟိုပုံးသွား ပြည်ထောင်စုလမ်း၊ ၆ မိုင်၌ ယခင်ကတည်းက ကြက်ခြံများ တည်ဆောက်၍ စီးပွားဖြစ် မွေးမြူနေခြင်း ဖြစ်သော်လည်း ယခုတွင် တိုးချဲ့ မွေးမြူလာ၍ ပတ်ဝန်းကျင်နေသူများ သာမက လမ်းသွားလမ်းလာများပါ အနံ့ ဆိုးများကြောင့် အခက်အခဲ ဖြစ်နေရပြီး ကျန်းမာရေး ထိခိုက်သူများပင် ရှိလာနေကြောင်း သိရသည်။

.

Journal Download

Photo of three cats