.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်နင့် မန္တလေးတိုင်း၊
မိုးကုတ်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းတွင် ယနေ့ စက်တင်ဘာလ ၆ ရက်၊ နံနက်ပိုင်း၌
မြေပြိုမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း သိရသည်။
.
.
မိုးမိတ်နှင့် မိုးကုတ်မြို့အကြားရှိ လွယ်ဆာကျေးရွာအနီးတွင် ယမန်နေ့
စက်တင်ဘာလ ၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
ယမန်နေ့ စက်တင်ဘာလ ၅ ရက်၊ နေ့လယ်ပိုင်းမှ ညနေပိုင်းအထိ မိုးသည်းထန်စွာ
ရွာသွန်းခဲ့မှုကြောင့် မိုးမိတ်-မိုးကုတ် လမ်းပိုင်းတွင် မြေပြို၍ လမ်းပိတ်ဆို့မှု
ဖြစ်ပွားနေခြင်းဖြစ်ပြီး လမ်းပိတ်ဆို့မှု ၃ မိုင်ခန့် ရှည်လျားကြောင်း ဒေသခံများ ထံက
သိရသည်။
.
လတ်တလောရာသီဥတုအခြေအနေအရ ရေကြီးမှုနှင့် မြေပြိုမှုဘေးကို
သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်
ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။
.