မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံး

.

ကရင်နီ (ကယား) ပြည်နယ်၊ မိုးဗြဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.


.

မိုးဗြဲမြို့နယ်၊ ဝါရီဆူးဖလိုင်ကျေးရွာမှ မိုးဗြဲမြို့အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ စက်တင် ဘာလ ၈ ရက်တွင် ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စက်လက် ၄ လက်နှင့် ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

မိုးဗြဲ PDF၊ KA၊ KNDF၊ KRU နှင့် URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သော ယင်းတိုက်ပွဲတွင် ရဲဘော်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း စိုးရိမ်ရန်မရှိကြောင်း Karenni’s Voice က သတင်းထုတ်ပြန်ထားသည်။

.

တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နိုင်ပြီး စစ်ကောင်စီတပ်က ဖယ်ခုံမှတစ်ဆင့် မိုးဗြဲသို့ အင်အားဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

.

မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်များက ဇူလိုင်လကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ကျဆုံးမှုများဖြင့် ဆုတ်ခွာနေရကာ ယခုတစ်ဖန် ထပ်မံ၍ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats