ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီး ပညာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မူလတန်းပညာသင် ကလေးငယ်များ သေဆုံးခဲ့ရသည့် ဖြစ်စဉ်အတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့၌ ယနေ့ စက်တင်ဘာလ ၂၅ ရက်တွင် ဖဲကြိုးနက် ကမ်ပိန်း ပြုလုပ်၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ၌ လူငယ်များသမဂ္ဂ-ဗဟိုက ဖဲကြိုးနက်များ ချိတ်ဆွဲခြင်း၊ ကလေးငယ်များကို လွမ်းဆွတ်ပူဆွေးကြောင်း ရေးသားထားသည့် စာများ ချိတ်ဆွဲခြင်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ကလေးငယ်များကို စစ်တပ်က အကြမ်းဖက် သတ်ဖြတ်မှု ပြုလုပ်ခြင်းမှာ လူသားမျိုးနွယ်စုအပေါ် ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟုလည်း လူငယ်များသမဂ္ဂ-ဗဟို ၏ တာဝန်ရှိသူတဦးက ပြောဆိုခဲ့သည်။