.
.
စစ်ကိုင်းတိုင်း၊
ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင်
ကလေးငယ်များ အပါအဝင် အရပ်သားများအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့် ပတ်သက်ပြီး
အမှန် တကယ် ဖြစ်ပျက်ခဲ့သည့် အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏
ဆောင်ရွက်လျက်ရှိသည့် လုပ်ဆောင်ချက် များနှင့် ပတ်သက်၍ သက်ဆိုင်ရာ
ဝန်ကြီးဌာနများနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မျက်မြင်သက်သေများက သတင်းမီ
ဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ စက်တင်ဘာ ၂၆ ရက်၊ ည ၈ နာရီ အချိန်တွင်
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
သတင်းစာရှင်းလင်းပွဲကို PVTV၊ Radio
NUG တို့အပါအဝင် သတင်းဌာန အချို့မှ
တိုက်ရိုက်ထုတ်လွှင့်တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
စစ်ကိုင်းတိုင်း၊
ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ခုကို
စက်တင်ဘာလ ၁၆ ရက်က စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၇ ဦးအပါအဝင် စုစုပေါင်း
၁၂ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။
.
.